Photobucket

Friday, August 20, 2010

စေ၀်အ်ုကင်

ဏ်ုလ၀်ခ၀့် ဏ်ုအဲလင်ဆိုဒ်
ဏ်ုမာဟှာဟှံင် ဆိုဒ်..။
ဏ်ုလ၀်ခ၀့် ဏ်ုအဲဘာ.သာ့
မာဟှာဟှံင်ဘာ.သာ့..။
ဏ်ုလ၀်ခ၀့် ဏ်ုအဲထူ့ရူ့
မာဟှာဟှံင် ထူ့ရူ့..။
ဏ်ုလ၀်ခ၀့် ဏ်ုအဲထီ.သိုဝ်
မာဟှာဟှံင်ထီ.သိုဝ်..။
ဆာ.မွဲာအှ်ဍ၀် ဆိုဟှာဟှံင်
မွဲာဝေ့စေ၀် အ်ုကျံင်..။
စေ၀်ဍေ.လိုဒ်.ဘာ ယှာဃှာသာ
မာဟှာဟှံင် လိုဒ်.ကာ..။
လိုဒ်.ကာခေါဟ်ဍာ စေ၀်အ်ုကင်
ဍောဟ်ထုက် မွဲာအ်ုကင်..။

Wednesday, August 18, 2010

လူ့ငနွား

လူမျိုးရေး အကြောင်းပြ
လက်နက်ကိုင် ရမ်းကားကြ..။
ဘာသာရေးခုတုန်းလုပ်
စီးပွားရေး အမြတ်ထုတ်..။
အာဏာရူး မိုက်မှား
မုသားပါ သူ့စကား..။
ပြည်သူပေါ် သစ္စာဖေါက်
လုပ်လိုက်ပြန် နယ်ခြားစောင့်..။
အချင်းချင်း သတ်ဖြတ်
သမိုင်းက မလှပ..။
ပြည်သူတွေ ဒုက္ခ
ကြေကွဲစွာ ကြည့်မလှ..။
ဓါးစာခံ ပြည်သူများ
ဒုက္ခသည် ဖြစ်လို့သွား..။
ဝမ်းနည်းစွာ ကြေကွဲ
ပါးပြင်ပေါ် မျက်ရည်ဝဲ..။
အသိမဲ့ လူ့ငနွား
ကျိုးဆွဲရာ လိုက်လို့သွား..။

Sunday, August 15, 2010

တန်ဖိုး

ဓန ပညာ ကျင့်သိက္ခာ
သုံးဖြာတန်ဖိုးပါ
ဓနကြွယ်က ဂုဏ်ရှိလှ
ပြောကြ ဒီလူ့ရွာ
ပညာပြည့်ဝ ဂုဏ်ရည်လှ
ဆိုကြ ဒီလူ့ရွာ
ကိုယ်ကျင့်သိက္ခာ ရှိသူမှာ
ဘေးထုတ် ဒီလူ့ရွာ
ဓနနောက်လိုက် ထိုလူမိုက်
အမျိုးကိုဖျက်တာ
ဓနနောက်လိုက် ထိုလူမိုက်
ပညာကိုပစ်ခွါ
ဓနနောက်လိုက် ထိုလူမိုက်
ကိုယ်ကျင့်လည်း စွန့်ကာ
နောက်ဆုံးဘ၀ မလှပ
အားလုံးပျက်ဆီးကြ