Photobucket

Wednesday, September 21, 2011

အလွမ်းမပါသောကဗျာ

ကျွန်တော့်မှာ ည နှစ်ည ရှိတယ်။
ရှုပ်ရှုပ်ထွေးထွေးတော့ မဟုတ်ပါဘူး။
အိပ်မရတဲ့ ည နဲ့ အိပ်ရတဲ့ ည . . .
အဲဒီညတွေနဲ့ ဘဝကို မီးစာထိုးဖြစ်ခဲ့တယ်။

ငွေ့ရည်ဖွဲ့ချိန်ကို မရလိုက်ပါဘူး ၊
မုတ်သုံရာသီလို့ မသိတသိ အချိန်မှာတင်
မျက်ဝန်းတွေက
အလိုမတူလည်းပဲ စိုလာကြတယ်။

Sunday, May 15, 2011

ဖျက်ပိုး

ဝေ့ဝိုက်မနေချင်တော့ဘူး
ဓလေ့စရိုက်ချင်း မတူလျှင်တော့ ခွင့်လွတ်..
ဇွတ်တရွတ်ပဲ ကိုင်လိုက်တယ်..

ယဉ်ကျေးတဲ့ စာမျက်နှာတွေပေါ်
မိုက်ရိုင်းပက်စက်ခြင်းတွေနဲ့
စာတွေကိုဖျက်..
ကဗျာတွေကိုဖျက်..
ဘလော့ဂ်ဂါတွေကိုဖျက်..

နောက်ဆုံး......
ဘလောဂ့်ရွာကိုပါဖျက်မည့်သူ

A SHIN THU

Friday, August 20, 2010

စေ၀်အ်ုကင်

ဏ်ုလ၀်ခ၀့် ဏ်ုအဲလင်ဆိုဒ်
ဏ်ုမာဟှာဟှံင် ဆိုဒ်..။
ဏ်ုလ၀်ခ၀့် ဏ်ုအဲဘာ.သာ့
မာဟှာဟှံင်ဘာ.သာ့..။
ဏ်ုလ၀်ခ၀့် ဏ်ုအဲထူ့ရူ့
မာဟှာဟှံင် ထူ့ရူ့..။
ဏ်ုလ၀်ခ၀့် ဏ်ုအဲထီ.သိုဝ်
မာဟှာဟှံင်ထီ.သိုဝ်..။
ဆာ.မွဲာအှ်ဍ၀် ဆိုဟှာဟှံင်
မွဲာဝေ့စေ၀် အ်ုကျံင်..။
စေ၀်ဍေ.လိုဒ်.ဘာ ယှာဃှာသာ
မာဟှာဟှံင် လိုဒ်.ကာ..။
လိုဒ်.ကာခေါဟ်ဍာ စေ၀်အ်ုကင်
ဍောဟ်ထုက် မွဲာအ်ုကင်..။

Wednesday, August 18, 2010

လူ့ငနွား

လူမျိုးရေး အကြောင်းပြ
လက်နက်ကိုင် ရမ်းကားကြ..။
ဘာသာရေးခုတုန်းလုပ်
စီးပွားရေး အမြတ်ထုတ်..။
အာဏာရူး မိုက်မှား
မုသားပါ သူ့စကား..။
ပြည်သူပေါ် သစ္စာဖေါက်
လုပ်လိုက်ပြန် နယ်ခြားစောင့်..။
အချင်းချင်း သတ်ဖြတ်
သမိုင်းက မလှပ..။
ပြည်သူတွေ ဒုက္ခ
ကြေကွဲစွာ ကြည့်မလှ..။
ဓါးစာခံ ပြည်သူများ
ဒုက္ခသည် ဖြစ်လို့သွား..။
ဝမ်းနည်းစွာ ကြေကွဲ
ပါးပြင်ပေါ် မျက်ရည်ဝဲ..။
အသိမဲ့ လူ့ငနွား
ကျိုးဆွဲရာ လိုက်လို့သွား..။

Sunday, August 15, 2010

တန်ဖိုး

ဓန ပညာ ကျင့်သိက္ခာ
သုံးဖြာတန်ဖိုးပါ
ဓနကြွယ်က ဂုဏ်ရှိလှ
ပြောကြ ဒီလူ့ရွာ
ပညာပြည့်ဝ ဂုဏ်ရည်လှ
ဆိုကြ ဒီလူ့ရွာ
ကိုယ်ကျင့်သိက္ခာ ရှိသူမှာ
ဘေးထုတ် ဒီလူ့ရွာ
ဓနနောက်လိုက် ထိုလူမိုက်
အမျိုးကိုဖျက်တာ
ဓနနောက်လိုက် ထိုလူမိုက်
ပညာကိုပစ်ခွါ
ဓနနောက်လိုက် ထိုလူမိုက်
ကိုယ်ကျင့်လည်း စွန့်ကာ
နောက်ဆုံးဘ၀ မလှပ
အားလုံးပျက်ဆီးကြ

Saturday, May 22, 2010

နောင်တ မရကြေး

လူတိုင်းလူတိုင်းမှာ အခက်အခဲ အကြပ်အတည်းနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံရတဲ့အချိန်မျိုး ရှိခဲ့ကြဖူးမှာပါနော်.. ရွေးချယ်စရာတစ်ခုခုကို ဘယ်လမ်းကို ရွေးချယ်ရမှန်းမသိ ဗျာများခဲ့ကြဖူးပါလိမ့်မယ်.. အဲဒီရွေးချယ်စရာ ၂ခုထဲမှာမှ တစ်ခုခုကို ရွေးချယ်ပြီးပြီဆိုခဲ့ရင်တော့ ဘာကြောင့်ဘဲ ဖြစ်ဖြစ် ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ ရွေးချယ်တာ ဖြစ်လို့ နောင်တ မရကြေးက အကောင်းဆုံး မဟုတ်လား.. ရွေးချယ်တော့မယ်ဆိုရင် ဘ၀မှာ အဓိက ဦးစားပေးသင့်တာကို သေချာစဉ်းစားပြီး ရွေးချယ်ရမှာပါဘဲ.. ရွေးပြီးပြီ ဆိုရင်တော့ ဘယ်လိုရလာဒ်ကို ရလာသည်ဖြစ်စေ၊ ကျေနပ်စွာ လက်ခံရမှာဘဲ ဖြစ်ပါတယ်…. ဒီနေရာမှာ ဆုံးဖြတ်ချက်ချတာနဲ့ စပ်လျဉ်းပြီးတော့ ဖတ်ခဲ့ဖူးတဲ့ စာတစ်ပုဒ်ထဲက လူတစ်ယောက် အကြောင်းကို ပြန်ပြောင်းပြီး ပြောပြချင်ပါတယ်..