Photobucket

Wednesday, August 18, 2010

လူ့ငနွား

လူမျိုးရေး အကြောင်းပြ
လက်နက်ကိုင် ရမ်းကားကြ..။
ဘာသာရေးခုတုန်းလုပ်
စီးပွားရေး အမြတ်ထုတ်..။
အာဏာရူး မိုက်မှား
မုသားပါ သူ့စကား..။
ပြည်သူပေါ် သစ္စာဖေါက်
လုပ်လိုက်ပြန် နယ်ခြားစောင့်..။
အချင်းချင်း သတ်ဖြတ်
သမိုင်းက မလှပ..။
ပြည်သူတွေ ဒုက္ခ
ကြေကွဲစွာ ကြည့်မလှ..။
ဓါးစာခံ ပြည်သူများ
ဒုက္ခသည် ဖြစ်လို့သွား..။
ဝမ်းနည်းစွာ ကြေကွဲ
ပါးပြင်ပေါ် မျက်ရည်ဝဲ..။
အသိမဲ့ လူ့ငနွား
ကျိုးဆွဲရာ လိုက်လို့သွား..။

No comments:

Post a Comment