Photobucket

Sunday, April 11, 2010

အိပ်မက်နဲ့တူတဲ့ သူ့ရဲ့အချစ်

ဒေါင်း...ကနဲ သံချောင်းခေါက်သံကြားလိုက်တယ်။ အော်...ကျောင်းတက်သံချောင်းခေါက်သံပဲ။ မသိနားမလည်တဲ့ကလေးဘ၀ မနောစိတ်ထား ဖြူစင်ခဲ့ပေါ့။ အချစ်ဆိုတာ ဘာမှန်းနားမလည်ခဲ့။ နာရီရဲ့လက်တံကို ဆွဲလှည့်လိုက်သလို ကလေးဘ၀ကစတဲ့ငါဟာ နှစ်ဆယ်ကျော်သက်တမ်း ရောက်ပြီပေါ့လား။ အချစ်ဆိုတဲ့ လေညှင်းကလေးက နှလုံးသားရင်ခွင်ကို တိုးဝှေ့လို့လာပေါ့။ မချစ်ဖူးလို့ အချစ်ရူးရတော့မယ့် လူတစ်ယောက်ရယ်လို့ ကံကြမ္မာက ဖန်လာတော့တယ်။ မိုးမချုပ်ခင် အလင်းတစ်ချက် ကောင်းလိုက်သလို သူ့ရဲ့ဘ၀တစ်ကွေ့မှာလည်း ကြည်နူးဖွယ်ရာ ပန်းခင်းလမ်းတစ်ခုပေါ် လျှောက်လှမ်းခဲ့ရတယ်လို့ သူထင်ခဲ့ပေါ့။ တစ်ရွာတည်းနေတဲ့ ကောင်လေးနဲ့ကောင်မလေးတစ်စုံအကြောင်းကို ပြောပါရစေ။ ကောင်လေးရဲ့ဘ၀မှာ ရိုးသားဖြူစင်ပြီး အချစ်ဆိုတာ ဘာမှန်းမသိတဲ့ လူတစ်ယောက်ပါ။ မရင်းနှီးဖူးတဲ့ တစ်ရွာတည်းနေကောင်မလေးတစ်ယောက်နဲ့ ရင်းနှီးခွင့်ကြုံလာတယ်။ ကောင်မလေးက အချစ်ကြီးပြီး အမျက်ကြီးသူတစ်ယောက်။ ကောင်မလေးက ဘွဲ့ယူဖို့ မြိုကိုရောက်လာတယ်။ ကောင်လေးက သင်တန်းတက်ရင်းနဲ့ တစ်ရွာတည်းသူဖြစ်တဲ့ ကောင်မလေးကို အချိန်တိုင်း အလိုရှိတိုင်း ဘွဲ့ယူချိန်တွင်းမှာ ကူညီလို့ပေါ့။ မြိုရဲ့ ကောင်းတဲ့နေရာလေးတွေကို ကောင်မလေးပျော်ပါစေဆိုပြီး လိုက်ပို့ခဲ့တယ်။ ကောင်မလေးဘွဲ့ယူပြီးလို့ ရွာပြန်ခါနီးမှာ ကောင်မလေးက မှာခဲ့တယ် ``ကို အမြန်ပြန်လာခဲ့နော် ညီမစောင့်နေမယ်။ ပြန်လာပါ့မယ် မြန်မြန်လေး`` ကောင်လေးက ပြန်ပြောတယ်။ ကောင်လေးသင်တန်းပြီးလို့ ရွာပြန်ရောက်တယ်။ ခရီးပန်းတာနဲ့ နေ့လည်ခင်းမှာ တစ်ရေးတစ်မောအိပ်စက် အနားယူလို့ပေါ့။ မွန်းလွဲလို့ အိပ်ရာနိုးလာတယ်ဆိုရင်ပဲ ကောင်မလေးက ကောင်လေးရဲ့ အနီးနားမှာ ထိုင်စောင့်နေတာကို ကောင်လေးက ၀မ်းသာစွာနဲ့ မြင်လိုက်ရတယ်။ နင်ရောက်တာကြာပြီလား မကြာသေးဘူး စောစောလေးကပါ။ ငါနင့်ကို တွေ့ချင်တာနဲ့ အတော်ပဲ ငါ့ရဲ့ဆန္ဒပြည့်သွားအောင် နင်ကဖြည့်လိုက်ပြီ။ နင်တော်တော်အလိုက်သိတာပဲ။ မင်းလေးရှိနေရင် ငါ့ဘ၀ပြည့်စုံပါပြီ။ ဒါပေမယ့် ငါလေး ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။ တစ်ခါတစ်လေ တစ်ခြားကောင်လေးနဲ့ နင်စကားပြောနေတာကို မြင်ရရင် ဘေးကနေငါ သ၀န်တိုရတယ် တအားပဲ။ အစ်ကို အဲလိုမပြောနဲ့ အစ်ကိုပဲသ၀န်တိုတတ်တာမဟုတ်ဘူး အစ်ကိုက တစ်ခြားကောင်မလေးတွေနဲ့ စကားပြောနေတဲ့အခါမှာလည်း ညီမတအားသ၀န်တိုနေရတာကိုရော အစ်ကိုမြင်လို့လား။ အဲအချိန်ကစပြီး ကောင်လေးနဲ့ ကောင်မလေးတို့နှစ်ယောက် ပျော်ရွှင်ကြည်နူးလာလိုက်ကြတာ လေးနှစ်တောင်ကြာသွားတယ်။ နောက်ဆုံးပျော်ရွှင်ခြင်းလို့ပဲ ပြောရမလား မျက်ရည်စက်နဲ့နှုတ်ဆက်ချင်ပေမယ့် မျက်ရည်မကြွေနိုင်တဲ့ဘ၀ဟာ ငါဘယ်လိုဆက်ပြီး ခံနေရပါ့မလဲပေါ့။ ဒီလိုအဖြစ်ဆိုးတဲ့ဘ၀ ရှိပါ့ဦးမလား။ ဒီထက်ဆိုးတဲ့ဘ၀ကို ငါဘယ်လိုခေါင်းငုံ့ခံနေရပါ့မလဲ။ မပြောလဲ ပြောသလို။ 2009-ရဲ့သင်္ကြန်ရက်များမှာ သူတို့နှစ်ယောက်အတွက် စိတ်ကြိုက်ပျော်ရွှင်ခွင့်ရပေမယ့် သင်္ကြန်ရဲ့အပြီးမှာ ကောင်မလေးက အခြားကောင်လေးတစ်ယောက်ရဲ့ ရင်ခွင်ထဲကို ပြေ၀င်သွားတော့တယ်။ ကောင်လေးတစ်ယောက် မယုံနိုင်လောက်အောင် ကောင်မလေးရဲ့ပြောင်လဲမြန်တာကို မြင်လိုက်ရတဲ့နေကစပြီး စိတ်ဓါတ်ကျလို့ သေရာပါရူးသွတ်ခြင်းတစ်ခုနဲ့ အိပ်စက်နေတော့တယ်။ ကောင်မလေးပေါ် ချစ်ခဲ့ရတဲ့ကောင်လေးရဲ့ အချစ်ဟာ အိပ်မက်ဆန်တဲ့ အချစ်တစ်ခုလို့ဆိုရင်.....(မှတ်ချက်။ ။ မိန်းကလေးတိုင်းဟာ ဒါမျိုးချည်းပဲလား...)

No comments:

Post a Comment