Photobucket

Saturday, April 17, 2010

For...K.N.U......

ကရင်အားလုံး လွှတ်မြောက်အောင်
သူတို့အကျိုးဆောင်
ရည်မှတ်းချက်ကောင်းနဲ့ လျှောက်လှမ်းကာ
နှစ် ၆၀ ပြည့်လာ
အသက်သွေးများစွာပေးဆပ်
သူတို့နှလုံးလှ
သူတို့စီကခွဲထွက်လာ
အဖွဲ့ပေါင်းများစွာ
ထိုအဖွဲ့ကပြန်တိုက်ထုတ်
သူတို့မတုန်လှုပ်
ပြည်သူဘက်က အမြဲရပ်တည်
သူတို့ပေါ်လစီ
ယုံကြည်ချက်ကို တန်ဘိုးထား
အားလုံးကလေးစား
ကျွန်ုပ်ရေးသော ဤကဗျာ
သူတို့အတွက်ပါ
နှောင်လာနောက်သား လူငယ်များ
အတုယူစံထား

မှတ်ချက်...K.N.U.နှစ် ၆၀ ပြည့်အား ဤကဗျာဖြင့်ဂုဏ်ပြုရေးဖွဲ့ထားပါသည်

No comments:

Post a Comment