Photobucket

Sunday, April 11, 2010

ကျွန်တော် လူလိမ်ပါ.

ကျွန်တော် လူလိမ်တစ်ယောက်ပါ၊ ခင်းဗျား ကော........။ ကျွန်တော့်အထင်ပြောရရင် လူတိုင်း တစ်ယောက်တစ်မျိုးစီ လိမ်ကြတာချည်ပါပဲ။ တစ်ချို့ကြတော့ အပြုံးနဲ့လိမ်တယ်၊ တစ်ချို့တော့ အပြောနဲ့ လိမ်တယ်၊ တစ်ချို့ကြတော့ ဟန်လေးနဲ့ပေါ၊ အဲ...ဒီထက်ပိုလာရင်တော့ ဘာသာတရား လူမျိုး အဖွဲ့အစည်း တစ်ခုခုကို အကြောင်း ပြပြီးတော့ လိမ်တာပေါ့ဗျာ။
ကျွန်တော့်အသက်(၇)နှစ်လောက်က ဖြစ်မယ်ထင်တယ်၊ မူလတန်းတက်တဲ့ အချိန်ပေါ့၊ ကျောင်းသွား ကျောင်းပြန်လမ်းမှာ အဖွားတို့ အိမ်ရှိပါတယ်၊ ပြီးတော့ အဲ့မှာ ရှောက်သီးတွေ အများကြီးပဲ။ အဲ့ဒါကို မြင်တော့ စားချင်တာပေါ့၊ အင် ဒီအတိုင်းသွားတောင်းလို့ကတော့ ရဖို့မသေချာဘူးလေ၊ အဲ့တော့ လိမ်ရတော့တာပေါ့။
အဖွား အဖေက ရှောက်သီးစားချင်လို့ လာတောင်းခိုင်းတယ်၊
အေ..အေ ခူးလိုက်လေတဲ့။ ကံကောင်းချင်တော့ ဦးလေးတစ်ယောက်က ခူးပေးတယ်။ အဲ့ဒါနဲ့ပဲ ရှောက်သီးစားလိုက်ရတယ် ဆိုပါတော့။
အဲ့ဒါ ငယ်ငယ်တုန်းက လိမ်တဲ့ ကျွန်တော့်အဖြစ်ပါ၊ အဲ့ဒီအချိန်ကစပြီးတော့ လိမ်တတ်ခဲ့တာ ထင်ပါတယ်၊ ခုထိလည်း လိမ်နေတုန်းပဲ၊ နောင်လည်း ဆက်လိမ်ချင် လိမ်နေဦးမယ် ထင်ပါတယ်၊ အပြောနဲ့ဖြစ်ဖြစ်၊ အပြုံးနဲ့ဖြစ်ဖြစ်၊ ဟန်လေးနဲ့ဖြစ်ဖြစ်ပေါ့၊
လိမ်ရမယ့်သူ မရှိရင်တောင် ကိုယ့်ကိုကိုယ် လိမ်ရင်းနဲ့ပဲ လိမ်တဲ့လူတွေကြားထဲမှာ လိမ်ဖယ်လိမ်ဖယ်နဲ့ ရှင်သန်ရင်း........


1 comment:

  1. ဒါတွေက မင်းစကားမပြောခြင်းရဲ့အကျိုးကျေးဇူးပဲ
    ဆက်ပြီးရေငုံနှုတ်ပိတ်လိုက်ပါဦး
    စကားလုံးလှလှလေး ထွက်လာအောင်လို့ပါ

    ReplyDelete