Photobucket

Thursday, April 22, 2010

သတိ နိုးကြားပါ...ဆန့်ကျင်ပါ..

ကရင်တိုင်းရင်းသား လူငယ်များ
ထကြွ နိုးကြားပါ
မျက်စိကိုဖွင့် နားကိုစွင့်
လျင်မြန်ဖြတ်လတ်ပါ
တို့ရဲ့စာပေ ဘိုးဘွားမွှေ
စဉ်ဆက် သင်ကြားပါ
ဓလေ့ရိုးရာ အဖြာဖြာ
ဝိုင်းဝန်း ထိန်းသိမ်းပါ
တို့ရဲ့အလံ ပါတီထောင်
သုံးခွင့် တားမြစ်ပါ
တစ်ယောက် တစ်ပါတီသုံးစွဲလျင်
အားလုံး ဆန့်ကျင်ပါ
ပါတီတွေအောက် အလံပျောက်
အားလုံး လက်မခံပါ
ကရင်လူထု ကိုယ်စားပြု
အသက်သွေးကြော ပမာ
မပျောက်ပျက်အောင် သတိဆောင်
ကာကွယ် တားစီးပါ

saw di (သုဂ်ကျာထီ့ဖါန်)

No comments:

Post a Comment